American Ginseng

အမေရိက မှာတွေ့ရတဲ့ “အမေရိကန်ဂျင်ဆင်း ” ကိုဇီဝမျိုးစိတ် နာမည် Panax quinquefolius လို့ခေါ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း မျိုးပွားပြီး စိုက်ထားပေမယ့် အမေရိကန်ဂျင်ဆင်း လို့ခေါ်တဲ့အတိုင်း ဒီအပင်ရဲ့ မွေးဖွားရာဇာတိကအမေရိကန်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ဂျင်ဆင်း ကို (၁၈) ရာစုနှစ်မှာ အာရှတိုက်ကို တင်ပို့ရောင်းချခဲ့ပြီး၊ သူ့ရဲ့ အေးတဲ့ဓါတ် “Yin”ကြောင့်နာမည်ကြီးပြီး အာရှမှာတွေ့ရတဲ့ ဂျင်ဆင်းတွေကပူတဲ့ဓါတ်“Yang”ရှိတယ်လို့ ဆိုကြပါတယ်။ 

အမေရိကန်ဂျင်ဆင်းကို အမေရိကန်အင်ဒီးရန်း လူမျိုးများလက်ထက်ကတည်းက ဆေးဖက်ဝင်အပင်အဖြစ် နှစ်ပေါင်းများစွာ သုံးစွဲလာခဲ့ပါတယ်။

အမေရိကန်ဂျင်ဆင်းကို အဓိကအားဖြင့် စိတ်ဖိစီးမှုများသက်သာစေဖို့ နဲ့ စိတ်ရော ကိုယ်ခန္ဓာပါ ကျန်းမာစေဖို့ သုံးကြပါတယ်။ အမေရိကန်ဂျင်ဆင်း ဟာ

  • ကိုယ်ခံအားကိုကောင်းစေတယ်။
  • ပင်ပန်းနွမ်းနယ်မှုကို သက်သာစေတယ်၊ အပင်ပန်းခံနိုင်တယ်။
  • ခံတွင်းပျက်တာကို သက်သာစေတယ်
  • အစာမကြေတာနဲ့ ဝမ်းချုပ်ခြင်းများအတွက်လည်းကောင်းတယ်လို့ဆိုပါတယ်။
  • ဒါ့အပြင် အအေးမိ၊ သွေးအားနည်း နဲ့ ခေါင်းကိုက်ခြင်းများမှာလည်း မှီဝဲနိုင်ပါတယ်။

Related Blogs

Vitamin B12

Vitamin K

Copper

Zinc

Glutathione

Iron

Astaxanthin

Vitamin A

Magnesium

Vitamin D

Folic Acid

Vitamin C

Selenium

Calcium

Ginseng

Collagen

Biotin

Vitamin E