Biotin

Biotin ဆိုတာဘာလဲ?

Biotin ဟာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီ အုပ်စုဝင် အမျိုးအစားဖြစ်ပြီး Vitamin B7 လို့လဲသိကြပါတယ်။ တခြား နာမည်တွေကတော့ ဘိုင်အိုတီနာ (Biotina)၊ ဘိုင်အိုတင်း (Biotine) နဲ့ Coenzyme R တို့လို့လဲခေါ်ကြပါသေးတယ်။ နောက်တမျိုးအနေနဲ့ Vitamin H ဟုလဲ ဖော်ပြကြပါတယ်။ H ဆိုတာ ဂျာမန်စကား “Haar” und “Haut” ဖြစ်ပြီး “Hair” and “skin” လို့ အဓိပ္ပါယ်ရပါတယ်။

Biotin ဓာတ်ဟာ ဆံပင်၊ အရေပြား၊ ခြေသည်းလက်သည်း ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင် ဖြစ်တဲ့အတွက် Beauty vitamins လို့လဲ ခေါ်ရင်လဲ မမှားပါဘူး။ Biotin ဟာ စားလိုက်တဲ့ အစာအာဟာရကနေ ဂလူးကို့စ်အဖြစ်ကိုပြောင်းလဲရာမှာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိအောင် ပြုလုပ်ပေးပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာလဲ ကလေး ပုံမှန် ကြီးထွားဖို့အတွက် Biotin ကိုလိုအပ်ပါတယ်။ Biotin ကို ခန္ဓာကိုယ်ထဲမှာ မသိမ်းဆည်းနိုင်တာကြောင့် နေ့စဉ် စားသုံးပေးဖို့ လိုအပ်ပါတယ်။ Biotin ချို့တဲ့ခြင်းရောဂါဟာ ရှားပါးသော်လည်းပဲ ကိုယ်ဝန်ဆောင်များ ၊ အစားအသောက် ချေးများသူများမှာတော့ ချို့တဲ့တာကို ပိုအတွေ့များပါတယ်။

Biotin ချို့တဲ့ တဲ့ လက္ခဏာတွေကတော့ 

  • ဆံပင်ကျွတ်ခြင်း၊ ဆံပင်အရောင် မွဲခြောက်ခြင်း၊ 
  • အသားအရေ ခြောက်သွေ့ခြင်း ၊ အရေပြား ရောင်ရမ်းခြင်း၊ 
  • ခြေသည်း လက်သည်း ကြွတ်ဆတ်ပြီး ကျိုးလွယ်ခြင်း တို့ဖြစ်ပါတယ်။

Biotin ကို နေ့စဉ် လိုအပ်ချက်အနေဖြင့် 

- ၁၂ လအောက်ကလေး : 7 mcg

- အသက် ၁ - ၃ နှစ် : 8 mcg

- အသက် ၄ - ၈ နှစ် : 12 mcg

- အသက် ၉ - ၁၃ နှစ် : 20 mcg

- အသက် ၁၄ - ၁၈ နှစ် : 25 mcg

- ၁၈ နှစ် အထက် : 30 mcg

- ကိုယ်ဝန်ဆောင် မိခင် : 30 mcg

- နို့တိုက် မိခင် : 35 mcg တို့ လိုအပ်ပါတယ်။

Biotin ဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ လိုအပ်တာထက် ပိုနေမယ်ဆိုရင်တောင် ဆီးနဲ့အတူ စွန့်ထုတ်ပစ်တာ ဖြစ်လို့ ပမာဏ အများကြီး စားသုံးမိရင်တောင်ဘေးထွက်ဆိုးကျိူး သိပ်မရှိပါဘူး။ 

Biotin ဟာ နေ့စဉ် စားသောက်တဲ့ အစားအစာအများစုမှာ ပါဝင်ပါတယ်။အထူးသဖြင့် 

  • အသား၊ ငါး 
  • အသည်း
  • နို့၊ ဒိန်ခဲ၊ ချိစ် 
  • ကြက်ဥ အနှစ် 
  • မြေပဲ၊ almond စေ့ 
  • ပန်းဂေါ်ဖီ 
  • မှို 
  • ကန်စွန်းဥ 
  • ထောပတ်သီး
  • ဟင်းနုနွယ်ရွက် တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။

လက်ရှိမှာ Biotin ကို ဆံပင် ခြေသည်း လက်သည်း နဲ့ အသားအရေ လှပဖို့အတွက် သုံးစွဲနေတဲ့ အားဖြည့်ဆေးတွေမှာ အများဆုံး တွေ့ရပါတယ်။

Related Blogs

Vitamin D

Vitamin K

Astaxanthin

Vitamin E

Magnesium

Vitamin A

Calcium

Vitamin B12

Collagen

Iron

Folic Acid

Glutathione

Vitamin C

Ginseng

Selenium

Zinc

American Ginseng

Copper