Selenium

Selenium (ဆီလီနီယမ်ဓာတ်)

ဆီလီနီယမ်သည် ကျွန်ုပ်တို့အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင် တာကြောင့် အစားအစာများမှ ရရှိဖို့လိုပါတယ်။ ဆီလီနီယမ်၏နေ့စဉ်လိုအပ်ချက်ပမာဏသည် နည်းပါးသော်လည်း မျိုးပွားစနစ်၊ သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်များ၊ DNA ထုတ်လုပ်ခြင်းများ၊ ခုခံအားစနစ်များအတွက် အရေးပါပါတယ်။ နှလုံး၊ အသည်း၊ ကျောက်ကပ်တို့ကို အားကောင်းစေပြီး လုပ်ငန်းများကောင်းစွာလုပ်နိုင်စေရန် ကူညီပေးပါတယ်။ ဆီလီနီယမ်တွင် ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတာကြောင့် နာတာရှည်ရောဂါများနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။

  • တစ်နေ့တာအတွက် ဆီလီနီယမ်လိုအပ်ချက်
  • ဆီလီနီယမ် ကို ဘယ်ကရမလဲ?

အသက်အရွယ်အပေါ်မူတည်၍ ကွဲပြားမှုရှိပါတယ်။

အရွယ်ရောက်ပြီး လူကြီးတယောက်အတွက် ဆီလီနီယမ် တစ်နေ့တာလိုအပ်ချက်သည် (၅၅) မိုက်ခရိုဂရမ် ဖြစ်သည်။

ဆီလီနီယမ်ကို အသား နှင့် ငါးများတွင် အဓိကတွေ့ရတတ်ပြီး အသီးအနှံများတွင်တော့ ဆီလီနီယမ်ပါဝင်မှုကို အတိအကျမတွေ့ရပါဘူး။ အသီးအနှံများတွင်ပါဝင်သော ဆီလီနီယမ်ပမာဏသည် ၎င်းကိုစိုက်ပျိုးထားတဲ့ မြေကြီးတွင်းရှိ ဆီလီနီယမ်ပမာဏပေါ် မူတည်နေသောကြောင့် ဖြစ်ပါတယ်။

ဆီလီယမ် ကြွယ်ဝသော အစားအစာများကတော့ ပင်လယ်စာများ၊ အသား၊ အသည်း၊ ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ပေါင်မုန့်၊ ဆီရီရယ် တို့တွင် အများဆုံး တွေ့ရတတ်ပါတယ်။ ဒါ့ပြင် ဆီလီနီယမ်ကို များစွာသော ဗီတာမင် အားဖြည့်ဆေးများမှာလည်း တွေ့ရပါတယ်။

  • ဆီလီနီယမ်ချို့တဲ့ခြင်း

အသား၊ ငါးပုံမှန်စားသောသူများတွင် ဆီလီနီယမ်ကို လုံလုံလောက်လောက် ရရှိနိုင်တာကြောင့် ချို့တဲ့ခြင်းသည် ဖြစ်ခဲသော်လည်း ကျောက်ကပ်ဆေးနေသောသူများ၊ HIV ရောဂါခံစားနေရသူများ၊ ဆီလီနီယမ် ချို့တဲ့သော နေရာဒေတွင် နေထိုင်ပြီး ယင်းဒေသတွင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုသာ စားသောသူများတွင် ချို့တဲ့ခြင်းကိုတွေ့ရပါတယ်။

  • ဆီလီနီယမ်ချို့တဲ့ရင် ဘာတွေ ခံစားရမလဲ

ဆီလီနီယမ်ချို့တဲ့လာပါက နှလုံး၊ အသည်းနှင့်ကျောက်ကပ်တို့တွင် ဆီလီနီယမ် ဓာတ်လျော့နည်းလာပြီး ဇီဝဖြစ်စဥ်များပြောင်းလဲသွားနိုင်ပါတယ်။ ဆီလီနီယမ်ချို့တဲ့နေတဲ့သူမှာ ရောဂါပိုးတခုခုပါ ကူးစက်ခြင်းခံရပါက  င့် Keshan disease (နှလုံးရောဂါတစ်မျိုး) နှင့် အမျိုးသားများတွင် မျိုးမအောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်းများ ဖြစ်တတ်ပါတယ်။  လေ့လာတွေ့ရှိချက်များအရ ဆီလီနီယမ်စားသုံးမှု နည်းပါးသူများသည် ကင်ဆာရောဂါ နှင့် သိုင်းရွိုက်နဲ့ပတ်သက်သော ရောဂါများဖြစ်နိုင်ချေကို ပိုမိုများပြားစေ တယ်လို့ဆို ကြပါတယ်။

  • ဆီလီနီယမ်ဓာတ် လွန်ကဲရင်

ဆီလီနီယမ်ဓာတ်သည်ပုံမှန်တစ်နေ့တာလိုအပ်ချက်အတိုင်း ရရှိနေမယ်ဆိုရင်တော့ မကောင်းတဲ့ဆိုးကျိုးများ မရှိပါ။ တန်ဆေး လွန်ဘေးဆိုသလိုပဲ လိုအပ်တာထက် ပိုမိုစားသုံးမှုရှိလာပါက ခံတွင်းနံ့မကောင်းခြင်း၊ ဖျားခြင်း၊ ခေါင်းမူးခြင်း၊ ဝမ်းလျောခြင်း၊ အရေပြားယားယံခြင်း၊ လက်သည်းခြေသည်းများကြွပ်ဆတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြားယားယံခြင်းများဖြစ်စေတတ်ပါတယ်။ 

အလွန်အကျွံစားသုံးမှုဖြစ်လာပြီဆိုရင်တော့ အသက်ရှူရခက်ခဲခြင်း၊ ခြေလက်များတုန်ခြင်း၊ ကျောက်ကပ်ရောဂါများ နဲ့ နှလုံးရောဂါများ ဖြစ်စေတတ်ပါတယ်။ 

Related Blogs

Zinc

Vitamin C

Iron

Calcium

American Ginseng

Folic Acid

Biotin

Vitamin K

Vitamin B12

Vitamin E

Glutathione

Collagen

Ginseng

Magnesium

Astaxanthin

Vitamin A

Copper

Vitamin D