Vitamin B12

ဗီတာမင် B12

ဗီတာမင် B12 ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် B12 သည် အာရုံကြောဆဲလ်များ ကောင်းမွန်စေရန် လုပ်ဆောင်ပေးပါတယ်။ ထို့ပြင် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ကို သယ်ပေးတဲ့ သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဗီတာမင် B12 ဟာ အရေးပါတဲ့နေရာကနေ ပါဝင်ပါတယ်။

ဗီတာမင် B12 နည်းသွားပြီဆိုရင် အလုပ်လုပ်ဆောင်ပေးနေတဲ့ သွေးနီဥတွေ လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့တဲ့အတွက် သွေးအားနည်းခြင်း (Vitamin B12 Deficiency Anemia) ကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ အားအင်လျော့နည်းစေပြီး ပင်ပန်းလွယ်စေနိုင်ပါတယ်။ အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် မှတ်ဉာဏ်တွေနဲ့ တွေးတောမှုတွေအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်ပါတယ်။

တနေ့တာအတွက် ဗီတာမင် B12 လိုအပ်ချက်များမှာ-

  • မွေးစမှ - ၆ လအထိ = ၀.၄ မီလီဂရမ်
  • ၇ လမှ - ၁၂ လအထိ = ၀.၅ မီလီဂရမ်
  • ၁ နှစ်မှ - ၃ နှစ်အထိ = ၀.၉ မီလီဂရမ်
  • ၄ နှစ်မှ - ၈ နှစ်အထိ ၂.၄ မီလီဂရမ် 
  • ၁၉ နှစ်မှ စ၍ =၂.၆ မီလီဂရမ် 
  • ကိုယ်ဝန်ဆောင်မိခင် = ၂.၆ မီလီဂရမ်
  • နို့တိုက်မိခင် = ၂.၈ မီလီဂရမ် တို့ ဖြစ်ကြပါတယ်။

ဗီတာမင် B12 ချို့တဲ့ခြင်းဟာ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ ပိုပြီးအဖြစ်များပါတယ်။ သတ်သတ်လွတ်စားသူများမှာလည်း ဗီတာမင် B12 ချို့တဲ့ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဗီတာမင် B12 ချို့တဲ့ပါက ရုပ်ပိုင်းဆိုင်ရာတင်မကပဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို  ဖြစ်ပွားစေပါတယ်။ ရောဂါလက္ခဏာများမှာ အစပိုင်းတွင်သိပ်ပြီး မပြင်းထန်သော်လည်း တဖြည်းဖြည်း ဆိုးရွားလာမယ်ဆိုရင်တော့ အောက်ပါလက္ခဏတွေ ဖြစ်လာနိုင်ပါတယ်။

  • အားနည်းခြင်း၊ မောပန်းခြင်း
  • အသားအရောင် ဖြူဖတ်ဖြူရော် ဖြစ်ခြင်း
  • လျှာတွင် ရောင်ရမ်းပြီး နီရဲလာခြင်း 
  • အစာစားချင်စိတ်မရှိပဲ ကိုယ်အလေးချိန်ကျသွားခြင်း
  • မူးခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ခြေချောင်း လက်ချောင်ထိပ်များ ထုံကျင်ခြင်း
  • နှလုံးခုန်မမှန်ခြင်း
  • စိတ်ဓာတ်ကျခြင်း
  • စဉ်းစားနိုင်စွမ်းရည် ကျဆင်းခြင်း၊ စိတ်စွမ်းရည် ကျဆင်းခြင်း တို့ ဖြစ်ပေါ်တတ်ပါတယ်။

ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်ပြီး တိရိစာ္ဆန်ကနေ အဓိကရရှိတဲ့ အစားအသောက်တွေမှာ အများအပြားပါဝင်ပါတယ်။ ဗီတာမင် B12 ကြွယ်၀တဲ့ အစားအစာတွေကတော့ - အသား၊ နို့၊ ချိစ်၊ ဥ၊ ငါး၊ နို့ထွက်ပစ္စည်းများ၊ ငါး၊ ဂဏန်း စသည်တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။ 

ဗီတာမင် B12 သည် အောက်ပါအကြောင်းများကြောင့် ချို့တဲ့နိုင်ပါတယ်။

  • အစာခြေလမ်းကြောင်းမှ ဗီတာမင်များအား မစုပ်ယူနိုင်ခြင်း
  • အစာအိမ်အစိတ်အပိုင်းများ ခွဲစိတ်ထားခြင်း
  • အစာခြေလမ်းကြောင်းတွင် ရောဂါရှိခြင်း
  • အရက်သေစာသောက်သုံးခြင်း
  • အသက်ကြီးခြင်းကြောင့် ဗီတာမင်ဓာတ်များကို ကောင်းစွာမစုပ်ယူနိုင်ခြင်း
  • အသားမစားသူများ ၊ နို့နဲ့ နို့ထွက်ပစ္စည်းများ ရှောင်ကြဉ်သူများ၊ သတ်သတ်လွတ်စားသူများ တွင် ချို့တဲ့နိုင်ပါတယ်။

Related Blogs

Iron

Astaxanthin

Selenium

Calcium

Magnesium

Zinc

Vitamin C

Vitamin K

Ginseng

Biotin

Glutathione

Collagen

American Ginseng

Vitamin E

Folic Acid

Vitamin D

Copper

Vitamin A